Wednesday, March 19, 2014
ကျေးဇူးတရားရဲ့ အင်အား
ကျေးဇူးတရားရဲ့ အင်အား
ဝေဝေက နယ်မြို့တစ်မြို့က ဆင်းရဲသားကျောင်းသားတစ်ဦးဖြစ်တယ်။ သူနေတဲ့ကျောင်းက အလှူခံပစ္စည်းတွေ နှစ်တိုင်း အမြောက်အများရရှိတယ်။ စေတနာအလှူရှင်တွေရဲ့လှူဒါန်းမှုကြောင့် ကျောင်းရဲ့အခြေအနေလည်း အဖက်ဖက်က တိုးတက်လာခဲ့တယ်။ ကျောင်းကစားကွင်းမှာ အားကစားကုမ္ပဏီကလှူဒါန်းထားတဲ့ အားကစားကိရိယာတွေ၊ စာသင်ခန်းထဲမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေ၊ စာကြည့်တိုက်မှာ ဖတ်စရာစာအုပ်တွေနဲ့ ပြည့်စုံလို့နေတယ်။
စစချင်းမှာ ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေက စေတနာရှင်တွေလှူဒါန်းတဲ့ ပစ္စည်းတွေအပေါ် ထူးဆန်းအံ့သြကြတယ်။ အလှူပစ္စည်းလက်ခံရပြီးနောက် ကျောင်းသားတွေဟာ အလှူရှင်တွေဆီ ကျေးဇူးတင်ကြောင်း စာတွေရေးပို့တတ်ခဲ့တယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ကျောင်းသားတွေဟာ အလှူလက်ခံရရှိတဲ့ပစ္စည်းအပေါ် နေသားတကျဖြစ်လာခဲ့ပြီး ကျေးဇူးတင်ကြောင်းစာလည်း အရေးကျဲသွားတော့တယ်။ ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့ပစ္စည်းတွေ လက်ခံရတဲ့အပေါ် ဘာမှထူးခြားမနေခဲ့တော့ဘူး။
နှစ်တစ်နှစ်က ကျောင်းဖွင့်ပြီးသိပ်မကြာခင်မှာပဲ ဝေဝေတက်နေတဲ့အတန်းမှာ အတန်းပိုင်ဆရာအသစ်တစ်ဦး ရောက်လာခဲ့တယ်။ ဆရာက အခုမှ ဆရာအတတ်သင်ကျောင်းဆင်းတစ်ဦးဖြစ်တယ်။ ကျောင်းဖွင့်တာသိပ်မကြာသေးတာမို့ စေတနာရှင်တွေလှူဒါန်းတဲ့ပစ္စည်းတွေကို ကျောင်းက လက်ခံရရှိခဲ့ပြန်တယ်။ ဝေဝေနဲ့ကျောင်းသားတချို့က ခါတိုင်းလိုပဲ ရုံးခန်းမှာ စာအုပ်နဲ့စာရေးကိရိယာတွေ သွားထုတ်ပြီး ကျောင်းသားတွေကို ဝေပေးပါတယ်။
ဒါကို ဆရာကတွေ့တော့ “ဒါတွေက တခြားလူလှူထားတဲ့ပစ္စည်းတွေလား” လို့ ကျောင်းသားတွေကို မေးတယ်။
“ဟုတ်ပါတယ် ဆရာ” ကျောင်းသားတွေ ပြန်ဖြေကြတယ်။
“နှစ်တိုင်း လှူကြတာလား”
“ဟုတ်ပါတယ်.. ဆရာ… နှစ်တိုင်းလှူပါတယ်.. လှူတိုင်း အများကြီးလှူပါတယ်”
“ဒါဆို ဒီအလှူပစ္စည်းတွေကို ဘယ်လိုစီမံကြသလဲ”
ဆရာက အလှူပစ္စည်း စာအုပ်တစ်အုပ်ကိုကောက်ကိုင်ပြီး မေးတယ်။
“လွယ်လွယ်လေးပဲ ဆရာ.. အလှူပစ္စည်းအရေအတွက် ကောက်ယူမှတ်သားပြီး ကျောင်းသားတွေကို ဝေပေးလိုက်ပါတယ်” ဝေဝေက ဆရာ့အမေးကိုပြန်ဖြေပါတယ်။ သူက ဒီအလှူပစ္စည်းတွေကို တာဝန်ယူရတဲ့ကျောင်းသားဖြစ်တယ်။
“အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း အကြောင်းကြားကြရဲ့လား” ဆရာနောက်ဆက်တွဲမေးလိုက်တဲ့ မေးခွန်းကြောင့် ကျောင်းသားတွေအားလုံး ဆွံအကုန်ကြတယ်။
ကျောင်းသားတွေရဲ့အပြုအမူနဲ့ ပြောစကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့ အလှူပစ္စည်းတွေကို လက်ခံရရှိပြီးနောက် ကိစ္စပြီးသွားပုံရတယ်။ ဆရာက ကျောင်းသားတွေကိုကြည့်ပြီး “ဒီနေ့ညနေ ဆရာတို့ အလုပ်တစ်ခုလုပ်ကြရအောင် … လက်ဆောင်ပစ္စည်းတချို့ဝယ်ပြီး စေတနာအလှူရှင်တွေကို ပြန်ပို့ပေးရအောင်” လို့ဆိုတယ်။
ညနေကျောင်းဆင်းတော့ ဆရာက ကျောင်းသားတွေကိုခေါ်ပြီး လက်ဆောင်ဝယ်ဖို့ထွက်ခဲ့တယ်။ ဆိုင်တစ်ဆိုင်မှာ သူတို့ခေါက်ဆွဲခြောက်တွေ ဝင်ဝယ်ကြတယ်။ အဲဒီနောက် မြို့နယ်စာတိုက်ကို သူတို့ရောက်ခဲ့ကြတယ်။ ဆရာက ကျောင်းသားတွေကို ကျေးဇူးတင်စာ ငါးစောင်ရေးခိုင်းပြီး ခေါက်ဆွဲခြောက်တွေကို ငါးပုံခွဲလိုက်တယ်။ ခေါက်ဆွဲခြောက်တွေကို စာတိုက်ကတဆင့် ပေးပို့ပြီးနောက် ကျောင်းကို သူတို့ပြန်လာချိန်ဟာ နေဝင်မိုးချုပ်နေပါပြီ။ ဝေဝေနဲ့ကျောင်းသားတွေက လက်ဆောင်ပစ္စည်းတစ်ခုပို့ဖို့ ဒီလောက်အချိန်ယူရမှန်း မတွေးခဲ့မိဖူးကြဘူး။
နောက်တစ်နေ့ ကျောင်းတက်ချိန်မှာ ဆရာက “အလှူရှင်တွေကို လက်ဆောင်ပြန်ပေးဖို့ ဆရာတို့ အချိန်တစ်ညနေသုံးလိုက်ရတယ်။ သူတို့က ဒီလောက်များတဲ့ စာအုပ်၊ စာရေးကိရိယာတွေ လှူဒါန်းဖို့ အချိန်ဘယ်လောက်ပေးရမလဲ.. တပည့်တို့ စဉ်းစားမိကြသလား”
ကျောင်းသားတစ်ချို့က တစ်ညနေလို့ ဖြေတယ်။ တချို့က တစ်ရက်လို့ဆိုတယ်။ စာအုပ်ခဲတံ ပစ္စည်းပစ္စယတွေ လိုက်ဝယ်ရလို့လို့ ဆိုတယ်။ ကျောင်းသားတစ်ချို့က ကုမ္ပဏီကလှူဒါန်းတယ်ဆိုရင် ကုမ္ပဏီအသုံးစရိတ်အတွက် အတည်ပြုချက်ယူရသေးတာမို့ တစ်ရက်ထက်မက ကြာနိုင်ကြောင်းပြောတယ်။
“ဟုတ်တယ်.. လှူမယ်လို့ ဆုံးဖြတ်ပြီး လှူဒါန်းပြီးချိန်အထိ အနည်းဆုံးတစ်ရက်လောက်တော့ သူတို့အသုံးပြုရတယ်။ ဒါပေမယ့် သူတို့ကို ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်ရေးပို့ဖို့တောင် ဆရာတို့မှာ အချိန်မရှိတော့ဘူးလား။ တခြားလူဆီက အကူအညီ အလှူပစ္စည်းတွေရတာ ဆရာတို့မှာ ကျေးဇူးတင်စိတ်ဆိုတာရှိရတယ်။ သူတို့က တာဝန်အရ ဝတ္တရားအရ လှူဒါန်းနေတာမဟုတ်ပါဘူး။ အလှူပစ္စည်းတွေနဲ့အတူ စေတနာ မေတ္တာကိုပါ သူတို့လှူဒါန်းနေတာပါ”
ဆရာ့စကားက ဝေဝေနဲ့ကျောင်းသားအားလုံးကို ခံစားသက်ဝင်စေခဲ့ပါတယ်။ အဲဒီကစ အလှူရှင်တွေကို ကျေးဇူးတင်လွှာတွေ သူတို့ရေးပို့ခဲ့သလို ကိုယ့်အမှတ်စာရင်းပါ တစ်ပါးတည်း ပေးပို့တတ်ခဲ့တယ်။ တခြားသူရဲ့ အကူအညီကိုလက်ခံရရှိပြီး သူတို့ကို ကျေးဇူးမတင်ဘဲ ဒါဟာ ရသင့်ရထိုက်တယ်လို့ ထင်မြင်တာဟာ ရှက်စရာကောင်းတယ်ဆိုတဲ့ သဘောတရားကို ဝေဝေတို့နားလည်ခဲ့ကြလို့ဖြစ်တယ်။
နှစ်အတန်ငယ်အကြာမှာ ဝေဝေတို့အတန်းကကျောင်းသားအားလုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြတယ်။ ဒါဟာ ဒီကျောင်းမှာ မဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်ပါ။ ဆရာနဲ့ကျောင်းအုပ်ဆရာကြီးပါ အံ့သြဝမ်းသာခဲ့ကြပြီး ဒီကျောင်းသားတွေ ဘာကြောင့်ဒီလိုအောင်မြင်ခဲ့တယ်ဆိုတာကို သူတို့နားမလည်နိုင်ဖြစ်ခဲ့ကြတယ်။ ဝေဝေတို့အတန်းသားနဲ့ အတန်းပိုင်ဆရာကသာ “တခြားသူကို သူတို့ကျေးဇူးတင်ဖို့ နားလည်လို့.. ဒါဟာ ကျေးဇူးတရားရဲ့အင်အား”ဆိုတာကို နားလည်သဘောပေါက်ခဲ့ကြပါတယ်။
မူရင်းရေးသားသူ တရုတ်စာရေးဆရာ Guo Long (郭龙: 感谢的力量)ရဲ့ “ကျေးဇူးတရားရဲ့အင်အား” ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ
ဝေဝေက နယ်မြို့တစ်မြို့က ဆင်းရဲသားကျောင်းသားတစ်ဦးဖြစ်တယ်။ သူနေတဲ့ကျောင်းက အလှူခံပစ္စည်းတွေ နှစ်တိုင်း အမြောက်အများရရှိတယ်။ စေတနာအလှူရှင်တွေရဲ့လှူဒါန်းမှုကြောင့် ကျောင်းရဲ့အခြေအနေလည်း အဖက်ဖက်က တိုးတက်လာခဲ့တယ်။ ကျောင်းကစားကွင်းမှာ အားကစားကုမ္ပဏီကလှူဒါန်းထားတဲ့ အားကစားကိရိယာတွေ၊ စာသင်ခန်းထဲမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေ၊ စာကြည့်တိုက်မှာ ဖတ်စရာစာအုပ်တွေနဲ့ ပြည့်စုံလို့နေတယ်။
စစချင်းမှာ ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေက စေတနာရှင်တွေလှူဒါန်းတဲ့ ပစ္စည်းတွေအပေါ် ထူးဆန်းအံ့သြကြတယ်။ အလှူပစ္စည်းလက်ခံရပြီးနောက် ကျောင်းသားတွေဟာ အလှူရှင်တွေဆီ ကျေးဇူးတင်ကြောင်း စာတွေရေးပို့တတ်ခဲ့တယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ကျောင်းသားတွေဟာ အလှူလက်ခံရရှိတဲ့ပစ္စည်းအပေါ် နေသားတကျဖြစ်လာခဲ့ပြီး ကျေးဇူးတင်ကြောင်းစာလည်း အရေးကျဲသွားတော့တယ်။ ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့ပစ္စည်းတွေ လက်ခံရတဲ့အပေါ် ဘာမှထူးခြားမနေခဲ့တော့ဘူး။
နှစ်တစ်နှစ်က ကျောင်းဖွင့်ပြီးသိပ်မကြာခင်မှာပဲ ဝေဝေတက်နေတဲ့အတန်းမှာ အတန်းပိုင်ဆရာအသစ်တစ်ဦး ရောက်လာခဲ့တယ်။ ဆရာက အခုမှ ဆရာအတတ်သင်ကျောင်းဆင်းတစ်ဦးဖြစ်တယ်။ ကျောင်းဖွင့်တာသိပ်မကြာသေးတာမို့ စေတနာရှင်တွေလှူဒါန်းတဲ့ပစ္စည်းတွေကို ကျောင်းက လက်ခံရရှိခဲ့ပြန်တယ်။ ဝေဝေနဲ့ကျောင်းသားတချို့က ခါတိုင်းလိုပဲ ရုံးခန်းမှာ စာအုပ်နဲ့စာရေးကိရိယာတွေ သွားထုတ်ပြီး ကျောင်းသားတွေကို ဝေပေးပါတယ်။
ဒါကို ဆရာကတွေ့တော့ “ဒါတွေက တခြားလူလှူထားတဲ့ပစ္စည်းတွေလား” လို့ ကျောင်းသားတွေကို မေးတယ်။
“ဟုတ်ပါတယ် ဆရာ” ကျောင်းသားတွေ ပြန်ဖြေကြတယ်။
“နှစ်တိုင်း လှူကြတာလား”
“ဟုတ်ပါတယ်.. ဆရာ… နှစ်တိုင်းလှူပါတယ်.. လှူတိုင်း အများကြီးလှူပါတယ်”
“ဒါဆို ဒီအလှူပစ္စည်းတွေကို ဘယ်လိုစီမံကြသလဲ”
ဆရာက အလှူပစ္စည်း စာအုပ်တစ်အုပ်ကိုကောက်ကိုင်ပြီး မေးတယ်။
“လွယ်လွယ်လေးပဲ ဆရာ.. အလှူပစ္စည်းအရေအတွက် ကောက်ယူမှတ်သားပြီး ကျောင်းသားတွေကို ဝေပေးလိုက်ပါတယ်” ဝေဝေက ဆရာ့အမေးကိုပြန်ဖြေပါတယ်။ သူက ဒီအလှူပစ္စည်းတွေကို တာဝန်ယူရတဲ့ကျောင်းသားဖြစ်တယ်။
“အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း အကြောင်းကြားကြရဲ့လား” ဆရာနောက်ဆက်တွဲမေးလိုက်တဲ့ မေးခွန်းကြောင့် ကျောင်းသားတွေအားလုံး ဆွံအကုန်ကြတယ်။
ကျောင်းသားတွေရဲ့အပြုအမူနဲ့ ပြောစကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့ အလှူပစ္စည်းတွေကို လက်ခံရရှိပြီးနောက် ကိစ္စပြီးသွားပုံရတယ်။ ဆရာက ကျောင်းသားတွေကိုကြည့်ပြီး “ဒီနေ့ညနေ ဆရာတို့ အလုပ်တစ်ခုလုပ်ကြရအောင် … လက်ဆောင်ပစ္စည်းတချို့ဝယ်ပြီး စေတနာအလှူရှင်တွေကို ပြန်ပို့ပေးရအောင်” လို့ဆိုတယ်။
ညနေကျောင်းဆင်းတော့ ဆရာက ကျောင်းသားတွေကိုခေါ်ပြီး လက်ဆောင်ဝယ်ဖို့ထွက်ခဲ့တယ်။ ဆိုင်တစ်ဆိုင်မှာ သူတို့ခေါက်ဆွဲခြောက်တွေ ဝင်ဝယ်ကြတယ်။ အဲဒီနောက် မြို့နယ်စာတိုက်ကို သူတို့ရောက်ခဲ့ကြတယ်။ ဆရာက ကျောင်းသားတွေကို ကျေးဇူးတင်စာ ငါးစောင်ရေးခိုင်းပြီး ခေါက်ဆွဲခြောက်တွေကို ငါးပုံခွဲလိုက်တယ်။ ခေါက်ဆွဲခြောက်တွေကို စာတိုက်ကတဆင့် ပေးပို့ပြီးနောက် ကျောင်းကို သူတို့ပြန်လာချိန်ဟာ နေဝင်မိုးချုပ်နေပါပြီ။ ဝေဝေနဲ့ကျောင်းသားတွေက လက်ဆောင်ပစ္စည်းတစ်ခုပို့ဖို့ ဒီလောက်အချိန်ယူရမှန်း မတွေးခဲ့မိဖူးကြဘူး။
နောက်တစ်နေ့ ကျောင်းတက်ချိန်မှာ ဆရာက “အလှူရှင်တွေကို လက်ဆောင်ပြန်ပေးဖို့ ဆရာတို့ အချိန်တစ်ညနေသုံးလိုက်ရတယ်။ သူတို့က ဒီလောက်များတဲ့ စာအုပ်၊ စာရေးကိရိယာတွေ လှူဒါန်းဖို့ အချိန်ဘယ်လောက်ပေးရမလဲ.. တပည့်တို့ စဉ်းစားမိကြသလား”
ကျောင်းသားတစ်ချို့က တစ်ညနေလို့ ဖြေတယ်။ တချို့က တစ်ရက်လို့ဆိုတယ်။ စာအုပ်ခဲတံ ပစ္စည်းပစ္စယတွေ လိုက်ဝယ်ရလို့လို့ ဆိုတယ်။ ကျောင်းသားတစ်ချို့က ကုမ္ပဏီကလှူဒါန်းတယ်ဆိုရင် ကုမ္ပဏီအသုံးစရိတ်အတွက် အတည်ပြုချက်ယူရသေးတာမို့ တစ်ရက်ထက်မက ကြာနိုင်ကြောင်းပြောတယ်။
“ဟုတ်တယ်.. လှူမယ်လို့ ဆုံးဖြတ်ပြီး လှူဒါန်းပြီးချိန်အထိ အနည်းဆုံးတစ်ရက်လောက်တော့ သူတို့အသုံးပြုရတယ်။ ဒါပေမယ့် သူတို့ကို ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်ရေးပို့ဖို့တောင် ဆရာတို့မှာ အချိန်မရှိတော့ဘူးလား။ တခြားလူဆီက အကူအညီ အလှူပစ္စည်းတွေရတာ ဆရာတို့မှာ ကျေးဇူးတင်စိတ်ဆိုတာရှိရတယ်။ သူတို့က တာဝန်အရ ဝတ္တရားအရ လှူဒါန်းနေတာမဟုတ်ပါဘူး။ အလှူပစ္စည်းတွေနဲ့အတူ စေတနာ မေတ္တာကိုပါ သူတို့လှူဒါန်းနေတာပါ”
ဆရာ့စကားက ဝေဝေနဲ့ကျောင်းသားအားလုံးကို ခံစားသက်ဝင်စေခဲ့ပါတယ်။ အဲဒီကစ အလှူရှင်တွေကို ကျေးဇူးတင်လွှာတွေ သူတို့ရေးပို့ခဲ့သလို ကိုယ့်အမှတ်စာရင်းပါ တစ်ပါးတည်း ပေးပို့တတ်ခဲ့တယ်။ တခြားသူရဲ့ အကူအညီကိုလက်ခံရရှိပြီး သူတို့ကို ကျေးဇူးမတင်ဘဲ ဒါဟာ ရသင့်ရထိုက်တယ်လို့ ထင်မြင်တာဟာ ရှက်စရာကောင်းတယ်ဆိုတဲ့ သဘောတရားကို ဝေဝေတို့နားလည်ခဲ့ကြလို့ဖြစ်တယ်။
နှစ်အတန်ငယ်အကြာမှာ ဝေဝေတို့အတန်းကကျောင်းသားအားလုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြတယ်။ ဒါဟာ ဒီကျောင်းမှာ မဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်ပါ။ ဆရာနဲ့ကျောင်းအုပ်ဆရာကြီးပါ အံ့သြဝမ်းသာခဲ့ကြပြီး ဒီကျောင်းသားတွေ ဘာကြောင့်ဒီလိုအောင်မြင်ခဲ့တယ်ဆိုတာကို သူတို့နားမလည်နိုင်ဖြစ်ခဲ့ကြတယ်။ ဝေဝေတို့အတန်းသားနဲ့ အတန်းပိုင်ဆရာကသာ “တခြားသူကို သူတို့ကျေးဇူးတင်ဖို့ နားလည်လို့.. ဒါဟာ ကျေးဇူးတရားရဲ့အင်အား”ဆိုတာကို နားလည်သဘောပေါက်ခဲ့ကြပါတယ်။
မူရင်းရေးသားသူ တရုတ်စာရေးဆရာ Guo Long (郭龙: 感谢的力量)ရဲ့ “ကျေးဇူးတရားရဲ့အင်အား” ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ
ကျွန်တော်နားမလည်တဲ့ ကဗျာတစ်ပုဒ်
ကျွန်တော်နားမလည်တဲ့ ကဗျာတစ်ပုဒ်
June 5, 2011 at 10:51pm
(၁)ကျွန်တော်ရဲ့ လူလားမြောက်တဲ့အရွယ် ဘယ်တုန်းကစခဲ့သလဲ?
အမေနဲ့ကျွန်တော့်ကို ဦးခင်ဇော်ထားခဲ့တဲ့နေ့က စခဲ့တယ်ထင်ပါတယ်။ ဦးခင်ဇော်က ကျွန်တော်ရဲ့အဖေပါ။ မှတ်မိစအရွယ်တည်းက သူ့ကို "အဖေ"လို့ ကျွန်တော်မခေါ်ခဲ့ဖူးဘူး။ ဦးခင်ဇော်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ခံစားချက်ကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ညွှန်းလို့ရတယ်။ အဲဒီစကားလုံးက ကျွန်တော့်ရိုးတွင်းချဉ်ဆီထဲ၊ အသွေးသားထဲ စိမ့်ဝင်နေတဲ့ စကားလုံးဖြစ်တယ်။---- "မုန်းတယ်"
ကျွန်တော် မူလတန်းစတက်တဲ့နှစ်မှာ သူ့ရဲ့ရည်းစားဦးနဲ့ ဦးခင်ဇော်ပြန်ဆုံတယ်။ အဲဒီအချိန်ကစ ဦးခင်ဇော်ဟာ ကျွန်တော်တို့အိမ်မှာ ညမကူးခဲ့တော့ဘူး။
ချမ်းအေးတဲ့ညတစ်ညမှာ တံခါးခေါက်သံကြောင့် အိပ်ပျော်ရာကနေ ကျွန်တော်နိုးလာခဲ့တယ်။ ဧည့်ခန်းထဲမှာ တစ်ယောက်ယောက်နဲ့ အမေစကားပြောနေတဲ့အသံကို ကျွန်တော်ကြားလိုက်မိတယ်။ လန့်နိုးသွားတဲ့ကျွန်တော် ကုတင်ပေါ်ကဆင်းပြီး တံခါးကြားကနေ အပြင်ကိုချောင်းကြည့်တော့ ဦးခင်ဇော်ကိုတွေ့တယ်။
"တောင်းပန်ပါတယ်"
ဦးခင်ဇော်ပြောတဲ့စကားကို အကြာကြီးနေပြီးမှ အမေက "ကွာရှင်းဖို့ကိစ္စ ရှင်မပြောခဲ့တာ နှစ်တော်တော်ကြာနေပြီပဲ။ ဘာဖြစ်လို့ ခုတော့ရုတ်တရက်ကြီး ပြန်ပြောရတာလဲ! ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်မဆုံးဖြတ်ပေးပါ့မယ်"
အမေ့စကားကြောင့် ဦးခင်ဇော် တစ်လှည့်နှုတ်ဆိတ်သွားတယ်။ ပြီးမှ လုံးထွေးစုပုံထားတဲ့ လေတွေကို ပါးစပ်ထဲကနေ ရှည်ရှည်လျားလျား မှုတ်ထုတ်ရင်း "သူ့မှာကိုယ်ဝန်ရှိနေပြီ။ သူအသက် (၄ဝ)နီးနေပြီ။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ"
တစ်ပတ်ကြာပြီးနောက် ညထမင်းစားဝိုင်းမှာ အမေက ဘာမှမဖြစ်သလိုနဲ့ ကျွန်တော့်ကိုပြောတယ်။
"သားအဖေနဲ့ အမေကွာရှင်းလိုက်ပြီ။ ဒီလိုလည်း ကောင်းပါတယ်။ ဒီနေ့ကစပြီး သားလူကြီးဖြစ်သွားပြီ။ ဒီအိမ်က တစ်ဦးတည်းသော ယောက်ျားသားဖြစ်သွားပြီနော်"
အမေမျှော်လင့်ထားသလို သန်မာကြံ့ခိုင်ပြီး ရင့်ကျက်တဲ့ပုံစံမျိုး ကျွန်တော့်မှာ မရှိခဲ့ဘူး။ ဒါပေမယ့် လူအများသတ်မှတ်ထားတဲ့ လိမ္မာတဲ့ကလေးတစ်ယောက်ကနေ လူဆိုးတစ်ယောက်အဖြစ် ကျွန်တော်ပြောင်းသွားခဲ့တယ်။ ကျောင်းသွားဖို့ ငြီးငွေ့ခဲ့သလို အိမ်ကိုလည်း ကျွန်တော်မပြန်ချင်ခဲ့ဘူး။ တွေးတောဖို့ကိုတောင် ကျွန်တော်ပျင်းသွားခဲ့တယ်။ ကျွန်တော်လုပ်တဲ့ တစ်ခုတည်းသောအလုပ်က ကွန်ပြူတာဂိမ်း ကစားတာပဲဖြစ်တယ်။ အဲဒီနှစ်က ကျွန်တော်အသက် (၁၅)နှစ်၊ အထက်တန်း စတက်တဲ့နှစ်....
အရင်က အမေ့အကြည့်ထဲမှာ ကျွန်တော်ဟာ လိမ္မာယဉ်ကျေးတဲ့သား၊ အိမ်အလုပ်ကူလုပ်တဲ့သား၊ ပညာလိုလားတဲ့သား၊ သူ့မျှော်လင့်ချက်၊ ရပ်တည်ချက်တွေ အလုံးစုံမှီခိုနိုင်မယ့်သားလို့ ထင်ခဲ့တယ်။ အခုတော့ .. ?
"သား... ဘယ်လိုဖြစ်သွားရတာလဲ?" အမေက မျက်ရည်ရွှဲလဲနဲ့ ကျွန်တော့်ကိုမေးတယ်။
"ဘာမှမဖြစ်ဘူး အမေ... သား လူလားမြောက်ခဲ့လို့ ဖြစ်မယ်"
(၂)
ကျွန်တော့်အကြောင်းကို ဦးခင်ဇော်လည်းကြားတယ်။ "အဲဒီလူ" ကို ကျွန်တော်လုံးဝ မမြင်ချင်ဘူးလို့ အမေကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားလို့ လစဉ်လတိုင်း အိမ်တိုင်ရာရောက်ပို့ပေးတတ်တဲ့ ကျွန်တော်အတွက် ထောက်ပံ့ကြေးတွေကို ဘဏ်ကနေပဲ ဦးခင်ဇော်လွှဲပေးတော့တယ်။
ဒါပေမယ့် ကျောင်းဆင်းတိုင်း ကျောင်းတံခါးဝမှာ ကျွန်တော့်ကိုလာရှာတတ်တဲ့ ဦးခင်ဇော်ကိုတွေ့ရင် မျက်နှာထားတင်းပြီး ကျွန်တော် မမြင်ချင်ဟန်ဆောင်လုပ်ပစ်တယ်။ ဦးခင်ဇော်က ကျွန်တော့်ကို အမြဲလာရှာပေမယ့် စကားတစ်ခွန်းမှတော့ လာမပြောဘူး။ အစပထမတော့ ဦးခင်ဇော်က မိဘလူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်ကို သွန်သင်ဆုံးမတယ်၊ နောက်ပိုင်း ကိုယ်လုပ်ခဲ့တဲ့အပြစ်အတွက် နေမထိထိုင်မသာဖြစ်တယ်၊ နောက်ဆုံး ရင်ထဲချုပ်တည်းထားရတဲ့ စိတ်အားငယ်မှုတွေဖြစ်ခဲ့တယ်။
အဲဒီအားငယ်မှုတွေ ပေါက်ကွဲတဲ့နေ့တစ်နေ့ ကျွန်တော်တို့ကြုံခဲ့တယ်။ အဲဒီနေ့က အောင်စာရင်း ထွက်တဲ့နေ့ဖြစ်တယ်။ ကျွန်တော်စာမေးပွဲကျကြောင်း အမေကို ကျောင်းက အကြောင်းကြားစာပို့ခဲ့တယ်။ တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အမေပြန်လာရင် အဆင်သင့်ဆူနိုင်အောင် ဧည့်ခန်းထဲမှာ ကျွန်တော်ထိုင်စောင့်နေခဲ့တယ်။ အမေပြန်ရောက်တော့ ငိုငိုယိုယိုနဲ့ ကျွန်တော့်ကိုဆူတယ်။ ရိုက်လည်းရိုက်တယ်။ အဲဒီအချိန်မှာ ဦးခင်ဇော်ရောက်လာခဲ့တယ်။
"တောင်းပန်ပါတယ်"
ဝင်ဝင်လာချင်း ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ စကားတစ်ခွန်းကို ဦးခင်ဇော်ကပြောတယ်။
"ကျောင်းဆရာရဲ့သား စာမေးပွဲကျလို့ အရှက်ရသွားတာပေါ့ ဟုတ်လား!"
ဦးခင်ဇော်ရဲ့ခံစားချက်ကို ကျွန်တော်လှောင်လိုက်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မျက်နှာကြောတွေ တင်းမာလာတဲ့ ဦးခင်ဇော်ကို ကျွန်တော်ကြောက်မနေခဲ့ဘူး။ ကျွန်တော်က နည်းနည်းပိန်တယ်ဆိုပေမယ့် အရပ်ကတော့ သူ့အရပ်နဲ့မတိမ်းမယိမ်းပဲ။ ဒါပေမယ့် ကျွန်တော့်အားက သူ့ကိုရှုံးမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဦးခင်ဇော်ရဲ့လက်တွေ တဖြေးဖြေး ဖြေလျော့လာတယ်။ ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပြီး နေရာကနေချာခနဲ သူလှည့်ထွက်သွားခဲ့တယ်။ တံခါးဝနားရောက်တော့ နောက်လှည့်ပြီး....
"မင်းအကြည့်မှာ ငါဟာ ဘာပဲဖြစ်နေဖြစ်နေ ငါဂရုမစိုက်ဘူး။ ဒီလောကကြီးမှာ မိန်းမနှစ်ယောက်ကတော့ ငါ့ကိုချစ်နေတုန်းပဲ။ ငါ့ကိုသူတို့ချစ်တာ ငါတော်လို့။ ငါအသုံးမကျတာက သူတို့နှစ်ယောက်ချစ်ခင်အောင် ငါမလုပ်နိုင်ခဲ့တာပဲရှိတယ်။ ဒါပေမယ့် မင်းကိုယ်မင်းကြည့်စမ်း။ ငါ့တစ်ဝက်တောင် မရှိဘူး။ ငါတက်ခဲ့တဲ့ တက္ကသိုလ်ကို မင်းရအောင်တက်နိုင်လား? မိန်းမတွေ မင်းကိုချစ်နိုင်လား? အခုအချိန်မှာ မင်းက ငါ့ကိုအဖေလို့ မသတ်မှတ်ချင်ဘူး။ ငါက ပိုပြီးတောင် မင်းကို သားလို့မသတ်မှတ်ချင်ဘူး သိလား!"
တံခါးကို ဝုန်းကနဲဆွဲပိတ်ပြီး ဦးခင်ဇော်ထွက်သွားခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ရဲ့ရူးရူးသွပ်သွပ် လူလားမြောက်ခြင်းက ဘုမသိဘမသိနဲ့ အချိန်စောပြီး ပြီးဆုံးသွားခဲ့တယ်။
(၂)နှစ်နေပြီးနောက် သတ်မှတ်ထားတဲ့အမှတ်ထက် အမှတ်(၂ဝ)ကျော်ပိုပြီး ဦးခင်ဇော်တက်ခဲ့တဲ့ တက္ကသိုလ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ကျောင်းအပ်တဲ့နေ့မှာ ဦးခင်ဇော်ရောက်လာပြန်တယ်။ သူမပြောခင် ကျွန်တော်အရင်ဆုံး စကားစတယ်။ အဲဒီစကားအတွက် ကျွန်တော်ရက်အတော်ကြာလေ့ကျင့်ခဲ့တယ်။
"ဘဝင်မမြင့်နဲ့။ ခင်ဗျားပြောခဲ့တဲ့စကားကြောင့် ကျွန်တော်ကြိုးစားပြီး ဒီတက္ကသိုလ်ကို ရောက်ခဲ့တယ်လို့ မထင်နဲ့။ ကျွန်တော် တက္ကသိုလ်ရောက်တာ ကျွန်တော်ကြီးပြင်းချင်လို့၊ ခင်ဗျားနဲ့ လုံးဝမပတ်သက်ချင်လို့၊ ကျွန်တော် (၁၈)နှစ်ပြည့်ပြီ။ မနက်ဖြန်ကစ ခင်ဗျားရဲ့အထောက်အပံ့ တစ်ပြားတစ်ချပ်မှ အမေနဲ့ကျွန်တော် မလိုတော့ဘူး။ ကျွန်တော်ကျောင်းလခနဲ့ ကျွန်တော်အသုံးစရိတ်ကို ကျွန်တော်ကိုယ်တိုင်ရှာမယ်။ နောက်ဘယ်တော့မှ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့တော့"
မျက်စိကို ဖွင့်ချည်မှိတ်ချည်နဲ့ ဦးခင်ဇော်နာကျင်နေခဲ့တယ်။ ငွေစုစာအုပ်တစ်အုပ်ထားခဲ့ပြီး ဦးခင်ဇော်ထွက်သွားခဲ့တယ်။ သူ့နောက်ကျောပုံရိပ်က ချိနဲ့လို့၊ ခြေလှမ်းတွေက ယိမ်းယိုင်လို့... ငွေစုစာအုပ်ကို ကျွန်တော်ဆွဲဖြဲပစ်လိုက်တယ်။
ကျောင်းတက်ရင်း ချေးငွေ(Student Loans)ရအောင် ကျွန်တော်လျှောက်လွှာတင်ခဲ့တယ်။ ပညာသင်ဆုရအောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းအားရက်မှာ အလုပ်နှစ်ခုလုပ်ခဲ့တယ်။ ကျွန်တော်ရဲ့ လက်ရှိအခြေအနေကို "အသည်းအသန်" ဆိုတဲ့စကားလုံးနဲ့ တင်စားရလိမ့်မယ်။ ပင်ပန်းပေမယ့် ကျွန်တော်နောင်တမရခဲ့ဘူး။
ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်တွေ တစ်နေ့နဲ့တစ်နေ့ မတူခဲ့တော့ဘူး။ ကြီးကြီးမားမား ရောဂါရှိတယ်လို့ ပြောမရပေမယ့် ဆီးအောင့်ပြီး မကြာခဏဆီးသွားတတ်တယ်။ အပေါ့သွားချင်ပေမယ့် အိမ်သာရောက်ရင် ဆီးမရှိဖြစ်တတ်တယ်။ ခန္ဓာကိုယ်နွမ်းလျတယ်လို့ မကြာခဏခံစားရတယ်။ အဆိုးဆုံးက ဒူးတွေအားပျော့ပြီး ထိုင်မရ ထမရဖြစ်တတ်တယ်။ အရင်တုန်းက ဦးခင်ဇော်ရဲ့ ဒူးနဲ့လက်တွေတုန်ပြီး မထိန်းချုပ်နိုင်သလိုပေါ့။
အမေက ကျွန်တော့်ကိုဆေးရုံခေါ်ပြီး စစ်ဆေးခိုင်းတယ်။ ကျောက်ကပ်အထူးကုမှာ ကျွန်တော့်အသက်အရွယ်လို ငယ်ရွယ်တဲ့လူနာမရှိဘူး။ ကျွန်တော်ရှက်လို့ စစ်ဆေးမှုတွေပြုလုပ်ပြီး ဆေးရုံရှေ့ပန်းခြံမှာ အမေကိုထိုင်စောင့်နေလိုက်တယ်။ စစ်ဆေးထားတဲ့ အဖြေလွှာကိုကိုင်ပြီး မျက်နှာပေါ်က စိုးရိမ်စိတ်ကို ဖုံးဖိမထားနိုင်တဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော့်စိတ်လည်း လှုပ်ရှားလာမိတယ်။
"တော်သေးတယ်။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တာမျိုးတော့မဟုတ်ဘူး။ ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်တယ်လို့ ဆရာဝန်ကပြောတယ်။ ဒါပေမယ့် စိတ်ချွတ်ယွင်းမှုက ပိုဆိုးတယ်၊ ကုရခက်တယ်လို့ သားဖေဖေကပြောတယ်"
"သားနေမကောင်းတာကို ဘာဖြစ်လို့ အဲဒီလူကြီးကို ပြောပြရတာလဲ?"
ကျွန်တော်ဒေါသတကြီးအော်တော့ အမေ့ပါးစပ် တစ်ခုခုပြောဖို့ တဆတ်ဆတ်တုန်သွားတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။
နောက်တော့ အမေ့စေတနာကို ကျွန်တော်နားလည်ခဲ့တယ်။ စိတ်ရောဂါဆရာဝန်ရဲ့ ကုသခက တစ်နာရီကို (၂ဝဝ) လို့ဆိုပါတယ်။ ကျွန်တော့်ကိုကုတဲ့ ဆရာဝန်က သဘောကောင်းတယ်။ ကျွန်တော်ရဲ့ ရောဂါကို "စိုးရိမ်ကြောင့်ကြတဲ့ရောဂါ" လို့ဆိုတယ်။ စိုးရိမ်ကြောင့်ကြစိတ်များလို့ ဆီးပူဆီးနာဖြစ်ပြီး အင်အားတွေ ယုတ်လျော့ကုန်တယ်လို့ဆိုတယ်။ ရောဂါအစက ကျွန်တော်နဲ့အဖေရဲ့ ဆက်ဆံရေးနဲ့ဆိုင်တယ်လို့ ဆရာဝန်ကပြောတယ်။ ကိုယ့်ကိုယ်အပြစ်ရှိတယ်လို့ မြင်ပြီး စိုးရိမ်မှုတွေများနေလို့ လို့ဆိုတယ်။
ကျွန်တော်ရဲ့ အမြင်အာရုံမှာ ဦးခင်ဇော်ရဲ့ နောက်ကျောပုံရိပ်ကို မြင်ယောင်လာမိတယ်။
(၃)
တကယ်လို့ အဲဒီစိတ်ရောဂါဆရာဝန်ရဲ့ ပြောချက်အရဆိုရင် ကျွန်တော့်ခန္ဓာမကျန်းမာတာက ကျွန်တော့်စိုးရိမ်စိတ်ကြောင့်၊ ကျွန်တော့်စိုးရိမ်စိတ်က ဦးခင်ဇော်အပေါ်ပြုမူခဲ့တဲ့ ကိုယ့်အပြုအမူအတွက် ကျွန်တော့်မသိစိတ်က အပြစ်တစ်ခုလိုမြင်နေခဲ့လို့ဖြစ်တယ်။ ဒါကိုဖျောက်နိုင်မှ စိုးရိမ်ကြောင့်ကျစိတ်က ပျောက်သွားနိုင်မယ်၊ ခန္ဓာကိုယ်ကျန်းမာလာနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ်။
ဒါပေမယ့် ထင်မှတ်မထားတဲ့အဖြစ်တစ်ခုက ကျွန်တော့်ရဲ့စိတ်ကို ဖျောက်ဖျက်ပေးဖို့ အခွင့်အရေးပေးခဲ့တယ်။ ဦးခင်ဇော် ဖျားပါပြီ။ ဖျားတာမှ ရိုးရိုးဖျားတာမဟုတ်ဘဲ ဆီးချုပ်ရောဂါ(Uremia)လို့ဆိုတယ်။ ဒါကိုကုသဖို့အတွက် နည်းတစ်နည်းပဲရှိခဲ့တယ်။ ကျောက်ကပ်အစားထိုးရမယ်တဲ့.....
ဘယ်သူက သူ့ကိုကျောက်ကပ်လှူမှာလဲ? သူက ထီးထီးနေခဲ့သူ၊ သူရဲ့ရည်းစားဦး.. မဟုတ်သေးဘူး.. အခုသူရဲ့လက်ရှိ ဇနီးမယားလို့ပြောရင် ပိုမှန်မယ်။ သူ့ဇနီးက လှူဖို့စိတ်ရှိပေမယ့် အမျိုးအစားမတူလို့ လှူမရဖြစ်နေခဲ့တယ်။
ဒီသတင်းကို အမေက ကျွန်တော့်ကိုပြောပြတယ်။ အမေကို ကျွန်တော်စိုက်ကြည့်ပြီး
"အမေ... သူ့အတွက် ကျောက်ကပ်လှူဖို့ အမေစိတ်ကူးနေတာလား" လို့မေးတယ်။ အမေဘာမှ မပြောဘူး။ ကျွန်တော်ကိုပဲကြည့်နေတယ်။ အမေရဲ့အကြည့်က နက်နဲလွန်းတယ်။ ကျွန်တော်ခန့်မှန်းမတတ်ခဲ့ဘူး။
"အမေ.. သွားမလှူနဲ့နော်။ အမေသူ့ကို မုန်းသင့်တယ်။ လှူမယ့်လှူ ကျွန်တော်ပဲ သွားလှူသင့်တယ်"
ရင်ထဲမှာ စူးစူးနစ်နစ်၊ နာနာကျင်ကျင်နဲ့ ကျွန်တော်ပြောမိတယ်။ အမေ့မျက်လုံးထဲ အံ့သြဝမ်းသာတဲ့အရိပ် လက်ခနဲထတောက်သွားပြီး "တကယ်လား? သား သွားမှာလား?" လို့မေးတယ်။
ဟုတ်ပါတယ်။ အံ့သြဝမ်းသာမှုတစ်ခုပါပဲ။ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေမိတယ်။ အမေဟာအခုချိန်ထိ သူ့အပေါ်သစ္စာမဲ့ခဲ့တဲ့ ယောက်ျားကို ချစ်နေတုန်းပဲ။ သူနဲ့အတူနေတဲ့ သားထက်တောင် အချစ်ပိုခဲ့သေးတယ်။
မခွဲစိတ်ခင် ဦးခင်ဇော်တစ်ယောက် တခြားကုတင်ပေါ်မှာ ကျွန်တော်နဲ့ယှဉ်ပြီး လဲလျောင်းနေတယ်။
"သား..." အသံတိုးတိုးလေးနဲ့ ကျွန်တော့်ကို လှမ်းအော်တဲ့သူ့အသံက ဆို့ဆို့နင့်နင့်....
ကျွန်တော့်နှလုံးသားတွေ နာကျင်လိုက်တာ.. မျက်စိတွေလည်း ယောင်အန်းလို့... ဒါပေမယ့် ကျွန်တော်ကြိတ်မှိတ်ပြီး တစ်ဖက်လှည့်လိုက်တယ်။ သူ့ကို လုံးဝမကြည့်ခဲ့ဘူး။
ဒါဟာ အကြွေးဆပ်နေတာလို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးတယ်။ ကျွန်တော့်ကို အသွေးအသားတွေပေးခဲ့တဲ့ ဒီလူကြီးအတွက် ကျွန်တော့်အသွေးအသားကို ပြန်ပေးဆပ်နေတယ်လို့ပဲ ထင်လိုက်တယ်။ ပေးပြီးရင် ကျွန်တော်လွတ်လပ်ပြီ၊ စိတ်ဖြေလျော့နိုင်ပြီလို့ ထင်ခဲ့တယ်။
စိတ်ရောဂါဆရာဝန်ရဲ့ သုံးသပ်ချက်တွေ မှန်ကန်ခဲ့တယ်။ ခွဲစိတ်ပြီးနောက် ကျောက်ကပ်တစ်ခြမ်း လျော့သွားတယ်ဆိုပေမယ့် ကျွန်တော့်စိတ်တွေ နေလို့ထိုင်လို့ကောင်းခဲ့တယ်။ အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ်ထင်ထားတဲ့အရာတွေ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်။ ဒါကလည်း ကျောင်းဆောင်မနေဘဲ အိမ်မှာအမေနဲ့ အတူနေတာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ နောက်ပြီး ဆရာဝန်ပေးတဲ့ဆေးတွေ ကျွန်တော်မှန်မှန်သောက်ခဲ့လို့ဖြစ်မယ်။
××××××××××××× ××××××××××××××××
ဘွဲ့ရပြီးနောက် ကုမ္ပဏီတစ်ခုမှာ ကျွန်တော်လျောလျောရှူရှူ အလုပ်ရခဲ့တယ်။ အလုပ်စတက်တဲ့နေ့က ဝန်ထမ်းအသစ်တွေ ဆေးစစ်ရတယ်။ စစ်ဆေးခန်းမှာ ဆရာဝန်က "ခင်ဗျား ကျောက်ကပ်ပြောင်းရွှေ့ခွဲစိတ်ဖူးထားလား?" လို့ ကျွန်တော့်ကိုမေးတယ်။
ဆရာဝန်အမေးကို ကျွန်တော် "အင်း" တစ်လုံးနဲ့ ပြန်ဖြေလိုက်တယ်။
"ခင်ဗျား ကျန်းမာတာမြန်သားပဲ။ Anti-rejectionဆေးတွေလည်း သိပ်သောက်စရာ မလိုတော့ဘူး။ ခင်ဗျားကိုယ်ပေါ် ပြောင်းရွှေ့လာတဲ့ ကျောက်ကပ်တစ်ခြမ်းက လုပ်ဆောင်မှုအရမ်းကောင်းတယ်။ ကြည့်ရတာ သွေးတော်သားစပ်သူရဲ့ကျောက်ကပ်ဖြစ်ရမယ်"
ဆေးရုံကနေ ကျွန်တော်ဘယ်လိုထွက်လာခဲ့မှန်း ကျွန်တော်မမှတ်မိတော့ဘူး။
အိမ်ရောက်တာနဲ့ ကုတင်ခေါင်းရင်းမှာ အမေဝှက်ထားတဲ့ သားရေသေတ္တာကို ကျွန်တော်ဖွင့်ကြည့်မိတယ်။ သေတ္တာထဲမှာ ခွါထားတဲ့ ဆေးတံဆိပ်တွေ၊ ဆေးအညွန်းတွေ အများကြီး.. တကယ်တော့ အမေက Anti-rejection ဆေးတံဆိပ်တွေကိုခွါပြီး စိတ်ကျဆေးတံဆိပ်တွေ ပြန်ကပ်ခဲ့တာဖြစ်တယ်။ ဆေးတွေကြားထဲမှာ သဘောတူခွဲစိတ်စာချုပ်တစ်စောင်ကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့စာချုပ်၊ လွန်ခဲ့တဲ့ (၂)နှစ်က ကျောက်ကပ်လှူဖို့ ခွဲစိတ်ခဲ့တဲ့စာချုပ်ဖြစ်တယ်။
စာချုပ်ပေါ်မှာ ဦးခင်ဇော်က သူ့ရဲ့ကျန်းမာတဲ့ ကျောက်ကပ်တစ်ခြမ်းကို သူ့သားအတွက် ပေးလှူတယ်လို့ ရေးထားတယ်။ အောက်တစ်နေရာမှာ သူ့လက်မှတ်နဲ့ ကျွန်တော့်နာမည်ပေါ်မှာက အမေလက်မှတ်.....
ကျွန်တော့် မျက်လုံးအိမ်ကမျက်ရည်တွေ ရုတ်တရက် ပါးပြင်ပေါ် တရဟောစီးကျလာခဲ့တယ်။
အဲဒီနေ့က ကျွန်တော်အသက် (၂၂)နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။
မူရင်းရေးသားသူ -- Qian Bei
နိုင်းနိုင်းစနေ (Sunday, December 20, 2009)
တဂိုး၏ ကဗျာများ “ငှက်တေလေ”
တဂိုး၏ ကဗျာများ “ငှက်တေလေ”
(၁)
နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။
သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။
(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။
(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။
(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။
(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။
(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။
(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။
(၈)
သူ့ရဲ့
တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။
(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။
(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။
(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။
(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´
``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ ဘာသာစကားပါလဲ´´
``ထာဝရ ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´
(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။
(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။
(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။
(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။
(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကားကို
ဆိုကြ၏။
(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။
(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ င်သည်။
(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။
(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင် ပို့ကြတယ်။
(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။
(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”
“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”
(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။
(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏ အစွမ်းအစသာ။
(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။
(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။
(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌ မရှာလေနှင့်။
(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။
(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”
----------------- -----------------
(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။
(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။
(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။
(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။
(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။
(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”
(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။
(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။
(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။
(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ။
(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။
(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။
(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။
(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။
(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။
(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။
(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။
(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။
(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။
(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။
(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။
(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။
(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။
(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။
(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။
(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။
(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။
(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။
(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။
(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။
(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။
(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။
(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´
(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။
(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။
(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´
မှတ်ချက်။ ။ အစ်ကိုကြည်နိုင်ဆီမှတစ်ဆင့် .။ ။
(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။
(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။
(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´
(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။
(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။
(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။
(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။
(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။
(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
(၁)
နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။
သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။
(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။
(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။
(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။
(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။
(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။
(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။
(၈)
သူ့ရဲ့
တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။
(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။
(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။
(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။
(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´
``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ ဘာသာစကားပါလဲ´´
``ထာဝရ ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´
(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။
(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။
(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။
(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။
(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကာ
ဆိုကြ၏။
(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။
(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ
(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။
(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင် ပို့ကြတယ်။
(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။
(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”
“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”
(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။
(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏ အစွမ်းအစသာ။
(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။
(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။
(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌ မရှာလေနှင့်။
(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။
(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”
----------------- -----------------
(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။
(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။
(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။
(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။
(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။
(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”
(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။
(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။
(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။
(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ။
(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။
(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။
(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။
(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။
(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။
(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။
(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။
(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။
(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။
(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။
(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။
(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။
(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။
(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။
(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။
(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။
(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။
(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။
(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။
(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။
(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။
(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။
(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´
(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။
(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။
(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´
မှတ်ချက်။ ။ အစ်ကိုကြည်နိုင်ဆီမှတစ်ဆင့် .။ ။
(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။
(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။
(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´
(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။
(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။
(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။
(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။
(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။
(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
Subscribe to:
Posts (Atom)