အတ္တ
တစ်ချက်တစ်ချက် ရင့်တဲ့ မင်းစကား
ငါ နားခါးသွားလည်း ပြုံးပေးပါတယ်..
စူးစူးနင့်နင့် မင်း ခံစားတတ်သလောက်
ငါ လည်း ပြောင်ပြောင်မြောက်မြောက်တော့ ခံစားတတ်ပါတယ်..
အမျိုးမျိုးမရိုးတဲ့ ပြဿနာက ဘယ်လိုမှ မဆန်းတော့
ငါ ရင်ခံလည်း ခပ်ပေါ့ပေါ့ပဲ နေပစ်ခဲ့ပါတယ်..
ရင်ထဲခပ်ရှရှဆို မင်းက အရက်နဲ့ ကတိကို ဖြို..
ငါ ဒီမှာတကယ်ပြိုလည်း ဟန်ဆောင်ခဲ့ပါတယ်..
တဆိတ်ဆို..မွေးရာပါလို့ ကြွေးကြော်တဲ့ မင်း “အတ္တ”
ငါ့ အတွက်ဆိုပြီးလည်း မခွာချနဲ့.. ရပါတယ်..
ရိုးရာမဖျက်နဲ့.. အဆင်ပြေသလိုဆက်လှမ်း..
ငါ တကယ်ကို မင်းအတွက်.. “ပန်း”ပေးထားပါတယ်..။
(ညလေးချို
No comments:
Post a Comment