Sunday, April 13, 2014
နောက်ဆို အမဲသားအများကြီးမစားကြပါနဲ့တော့နော်(နှလုံးသားရှိတဲ့လူတိုင်းကျေးဇူးပြုပြီး ဒါလေးဖတ်ပေးပါ
နောက်ဆို အမဲသားအများကြီးမစားကြပါနဲ့တော့နော်(နှလုံးသားရှိတဲ့လူတိုင်းကျေးဇူးပြုပြီး ဒါလေးဖတ်ပေးပါ )
.........................
နွားငြီးချင်း
။။။။။။။။။။။။။
ဒီချိန်ရောက်ရင်
ငါတို့အသား၊ နင့်တို့စားလိမ့်။
ဒီချိန်ရောက်ရင်
ငါ့တို့အသည်း၊ နင်တို့ခွဲလိမ့်။
ဒီချိန်ရောက်ရင်
ငါတို့အရိုး၊ နင်တို့ချိုးလိမ့်။
ရပါတယ်ဟာ
နင်တို့က-လူ၊ ငါတို့က-နွား
အသိပါး၏။
ရပါတယ်ဟာ
ငါတို့နွားမှာ၊ တရားမကပ်
လူ့ရပ်ရွာထံ၊ ရောက်လာပြန်ခိုက်
မြေ၌ရုန်းကန်၊ စပါးနှံနှင့်
ပျောင်းယံပဲမျိုး၊ အထွက်တိုးအောင်
နင့်-အကျိုးဆောင်လည်း.....။
ထမင်းစားပွဲ၊ တို့အသည်းနှင့်
အလှူပွဲများ၊ တို့အသားနှင့်
သာရေး,နာမျိုး၊ တို့အရိုးနှင့်
တို့ပြန်ထိုးတာ၊ တို့မှာနာလည်း.....။
ရပါတယ်ဟာ
ဝဋ်နာမကုန်သရွေ့၊ ဒီအကွေ့မှာ
ကြုံတွေ့ရတာ၊ ဓမ္မတာမို့
မျက်ရည်စို့လည်း....။
နင်တို့လူတွေ
ကျန်းမာစေကြောင်း၊ တို့ဆုတောင်း၏။
ချမ်းသာစေကြောင်း၊ တို့ဆုတောင်း၏။
ဝမ်းသာစေကြောင်း၊ တို့ဆုတောင်း၏။
ဘ၀တစ်ဖန်၊ ဖြစ်တုံပြန်က
(တစ်ဖန်တစ်လှည့်၊ ရောက်လာခဲ့သော်.....)
ငါတို့အသား၊ ယူ၍သွား
နင်တို့တရားကျပါစေ။
ငါတို့အသည်း၊ ယူ၍ခွဲ
အေးမြဲအေးနိုင်ကြပါစေ။
ငါတို့အရိုး၊ ယူ၍ချိုး
နင်တို့တိုးတက်ကြပါစေ.....။ ။
ဆောင်းဦးရာသီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment